← ပင်မစာမျက်နှာ
ကိုယ်ရေးကိုယ်တာ မူဝါဒ
နောက်ဆုံးပြင်ဆင်ချိန် — ၂၀၂၆ စက်တင်ဘာ ၂၇
MinkAutomation ("ကျွန်ုပ်တို့") သည် minkautomation.space နှင့် ယင်း၏ ခွဲဒိုမိန်းများကို
အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို လေးစားစွာ ကိုင်တွယ်ပါသည်။
ဤစာမျက်နှာတွင် ကျွန်ုပ်တို့ ဘယ်အချက်အလက် စုဆောင်းသည်၊ ဘယ်လို အသုံးပြုသည်၊
ဘယ်သူနှင့် မျှဝေသည်ကို ရှင်းပြထားပါသည်။
အနှစ်ချုပ် — သင့်ဗီဒီယိုဖိုင်သည် သင့်စက်ပေါ်မှာ ရှိနေပါသည်။
Web App သည် ဗီဒီယိုကို ကျွန်ုပ်တို့၏ ဆာဗာသို့ လုံးဝ မတင်ပါ။
ဗီဒီယိုဖြတ်တောက်ခြင်း၊ စာတန်းထိုးခြင်းနှင့် render လုပ်ခြင်း အားလုံးကို
သင့်ဘရောက်ဇာထဲမှာပဲ လုပ်ဆောင်ပါသည်။ ပြင်ပကို ရောက်သွားတာက
ဇာတ်လမ်းဖတ်ဖို့ Google ဆီ ပို့လိုက်တဲ့ အရည်အသွေးနိမ့် ဗီဒီယိုအပိုင်းတိုလေးများ
နှင့် အသံထုတ်ဖို့ Microsoft ဆီ ပို့လိုက်တဲ့ စာသား သာ ဖြစ်ပါသည်။
🔊 စာကနေအသံ tab တွင် Gemini TTS ကို သုံးတာမို့ ထိုစာသားလည်း Google ဆီ ရောက်ပါသည်။
အသံ ပွား (voice clone) လုပ်ရင် သင်တင်လိုက်တဲ့ အသံဖိုင် ၂ ခု
(reference နှင့် ခွင့်ပြုချက် ဖိုင်) လည်း Google ဆီ ရောက်သွားပါသည်။
၁။ ကျွန်ုပ်တို့ စုဆောင်းသော အချက်အလက်
- ဗီဒီယိုဖိုင် — ကျွန်ုပ်တို့ဆီမှာ မသိမ်းဆည်းပါ၊ လက်ခံခြင်း မရှိပါ။
ဖိုင်ကို သင့်ဘရောက်ဇာက ဖတ်ပြီး ဇာတ်လမ်းဖတ်ဖို့ လိုအပ်တဲ့ အပိုင်းတိုလေးတွေကိုသာ
(၄၈၀p၊ စက္ကန့် ၂ မိနစ်ခန့်) Google Gemini ဆီ တိုက်ရိုက် ပို့ပါသည်။
မူရင်းဖိုင်ကြီး ဘယ်တော့မှ မထွက်ခွာပါ။
- သင့် API key — သင်ကိုယ်တိုင် ထည့်သော key ကို သင့်ဘရောက်ဇာ မှတ်ဉာဏ်ထဲတွင်သာ
ထားရှိပြီး ကျွန်ုပ်တို့၏ စနစ်တွင် ဘယ်တော့မှ သိမ်းဆည်းခြင်း မရှိပါ။
Key သည် Google ဆီ ရောက်ဖို့ relay ကို ဖြတ်သွားရုံသာ ဖြစ်ပြီး log မှတ်ခြင်း မရှိပါ။
Page ကို refresh လုပ်လျှင် ပြန်ထည့်ရပါမည်။
- သင့်စက်ပေါ်တွင် သိမ်းထားသော အချက်အလက် — ထုတ်လုပ်ပြီးသား script ကို
ပြန်လုပ်ရင် မြန်ဆန်စေရန် သင့်ဘရောက်ဇာ၏ localStorage တွင် သိမ်းထားပါသည်။
ဤအချက်အလက်သည် သင့်စက်ပေါ်မှာ သာ ရှိပြီး ကျွန်ုပ်တို့ ဖတ်လို့မရပါ။
Browser data ရှင်းလိုက်လျှင် ပျက်သွားပါမည်။
- အသုံးပြုမှု မှတ်တမ်း — ဝဘ်ဆိုက်ကို Cloudflare Pages မှ ဆောင်ရွက်ပါသည်။
Cloudflare သည် ပုံမှန် access log (IP၊ အချိန်၊ browser အမျိုးအစား) ကို
သိမ်းဆည်းနိုင်ပါသည်။ ကျွန်ုပ်တို့သည် ထိုမှတ်တမ်းများကို သီးသန့် စုဆောင်းခြင်း
မပြုပါ။
၂။ အချက်အလက် ဘယ်သူဆီ ရောက်သွားသလဲ
ဝန်ဆောင်မှု အလုပ်လုပ်ရန် အောက်ပါ တတိယပါတီများထံ အချက်အလက် အချို့ ရောက်သွားပါသည်။
ယင်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ မူဝါဒများအတိုင်း ဆောင်ရွက်ပါသည်။
- Google (Gemini API) — ဇာတ်လမ်းဖတ်ဖို့ ပို့လိုက်သော ဗီဒီယိုအပိုင်းတိုလေးများ
နှင့် စာသားများ။ 🔊 စာကနေအသံ tab မှ စာသားနှင့် —
အသံ ပွားတဲ့အခါ — အသံဖိုင် ၂ ခု။ သင့်ကိုယ်ပိုင် key နဲ့ ခေါ်တာမို့
Google ၏ စည်းကမ်းချက်များ သက်ဆိုင်ပါသည်။
- ဖန်တီးထားသော အသံ (voice design / clone) — သင်ဖန်တီးလိုက်တဲ့ အသံသည်
ကျွန်ုပ်တို့ဆီမှာ မရှိပါ။ သင့်ကိုယ်ပိုင် Google project ထဲမှာ
သိမ်းထားပြီး (project တစ်ခုလျှင် ၂၀၀ ခု၊ ၁ နှစ်) သင့် key နဲ့သာ ပြန်သုံးလို့ရပါသည်။
Google က ထုတ်လာတဲ့ အသံတိုင်းကို SynthID watermark နှင့် မှတ်သားထားပါသည်။
- Microsoft (Edge TTS) — မြန်မာလို အသံဖန်တီးရန် ပို့လိုက်သော စာသားများ။
အသံထွက်ဖတ်ဖို့ စာသားသာ ဖြစ်ပြီး ဗီဒီယိုနှင့် ဓာတ်ပုံ မပါဝင်ပါ။
- ကိုယ်ပိုင် အရန် အသံထုတ် ဆာဗာ (Vercel) — Microsoft ဆီ ဆက်သွယ်မှု
မအောင်မြင်တဲ့ အခါမှသာ အသုံးပြုတဲ့ အရန်လမ်းဖြစ်ပြီး၊ ကျွန်ုပ်တို့ ကိုယ်တိုင် Vercel ပေါ်တွင်
လွှင့်ထားသော relay ဖြစ်ပါသည် (အခြားသူ၏ API မဟုတ်ပါ)။ ဒီအခါမှာလည်း
အသံထွက်ဖတ်ဖို့ စာသားသာ ရောက်သွားပါသည် (မူလလမ်းနှင့် တူတူ)။
အရန်လမ်းလည်း မအောင်မြင်ရင် မူလ error ကိုသာ ပြန်ပြပါသည်။
- Cloudflare — ဝဘ်ဆိုက် ဆောင်ရွက်ခြင်း (hosting) နှင့် Gemini/Edge TTS ဆီ
ဆက်သွယ်ပေးသော relay။ Relay သည် အချက်အလက် သိမ်းဆည်းခြင်း မရှိပါ။
- ကြော်ငြာ ကွန်ရက်များ — အောက်ပါ အပိုင်း (၅) တွင် ဖော်ပြထားပါသည်။
၃။ အသုံးပြုပုံ
အထက်ဖော်ပြပါ အချက်အလက်များကို ဝန်ဆောင်မှု ပေးအပ်ရန်၊ ချို့ယွင်းချက် ရှာဖွေရန်နှင့်
အလွဲသုံးစားမှု တားဆီးရန်အတွက်သာ အသုံးပြုပါသည်။ ကျွန်ုပ်တို့သည် သင့်ဗီဒီယိုဖိုင်များကို
မည်သည့်အခါမျှ ရောင်းချခြင်း၊ ပြန်လည်ဖြန့်ဝေခြင်း မပြုပါ — အမှန်မှာ ကျွန်ုပ်တို့ဆီတွင်
သင့်ဖိုင် ရှိနေခြင်း မရှိပါ။
၄။ ဒေတာ ထိန်းသိမ်းချိန်
ကျွန်ုပ်တို့ဆီတွင် သိမ်းဆည်းထားသော ဗီဒီယိုဖိုင် သို့မဟုတ် အသံဖိုင် မရှိပါ။
ဗီဒီယိုအပိုင်းတိုလေးများနှင့် စာသားများကို Google/Microsoft ဆီ တိုက်ရိုက် ပို့ပြီး
ယင်းတို့ ထိန်းသိမ်းချိန်သည် ထို ဝန်ဆောင်မှုများ၏ မူဝါဒအတိုင်း ဖြစ်ပါသည်။
သင့်ဘရောက်ဇာထဲ သိမ်းထားသော script cache ကို သင်ကိုယ်တိုင် ရှင်းလို့ရပါသည်။
၅။ ကြော်ငြာနှင့် ကွတ်ကီး
ဤဝဘ်ဆိုက်တွင် တတိယပါတီ ကြော်ငြာ ကွန်ရက်များ (ဥပမာ Adsterra) မှ ကြော်ငြာများ ပြသနိုင်ပါသည်။
ယင်းကွန်ရက်များသည် သင့်စိတ်ဝင်စားမှုနှင့် ကိုက်ညီသော ကြော်ငြာ ပြသရန် ကွတ်ကီးနှင့်
အလားတူနည်းပညာများကို အသုံးပြုနိုင်ပါသည်။ ကွတ်ကီးကို သင့်ဘရောက်ဇာ ဆက်တင်မှတစ်ဆင့်
ပိတ်နိုင်ပါသည်။
၆။ ကလေးများ၏ ကိုယ်ရေးကိုယ်တာ
ဤဝန်ဆောင်မှုကို အသက် ၁၃ နှစ်အောက် ကလေးများအတွက် ရည်ရွယ်ထားခြင်း မရှိပါ။
ကလေးတစ်ဦး၏ အချက်အလက် ရရှိထားသည်ဟု ယူဆပါက ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။
၇။ သင့်အခွင့်အရေး
သင့်အချက်အလက် ဖျက်ပေးရန် သို့မဟုတ် မေးမြန်းရန် ဆက်သွယ်နိုင်ပါသည်။
တောင်းဆိုချက်များကို ကျိုးကြောင်းဆီလျော်သည့် ကာလအတွင်း ဖြေကြားပါမည်။
၈။ ပြောင်းလဲမှုများ
ဤမူဝါဒကို အခါအားလျော်စွာ ပြင်ဆင်နိုင်ပါသည်။ ပြင်ဆင်လျှင် ဤစာမျက်နှာတွင်
နောက်ဆုံးပြင်ဆင်ချိန်ကို ပြောင်းလဲဖော်ပြပါမည်။
၉။ ဆက်သွယ်ရန်
အီးမေးလ် — contact@minkautomation.space